ITPEC IP/FE Class

ဂျပန်ပြည်တွင်းကုမ္ပဏီမှာ IT ပညာရှင်အနေနဲ့ အလုပ်လုပ်နိုင်မယ့် IT (OJT Class) +ဂျပန်စာ speaking အတန်း အားလုံးအမေးများတဲ့ BS Camp ရဲ့ IT (OJT Class) ယနေ့မှစပြီးအပ်နှံနိုင်ပါပြီ OJT Class ဆိုတာ အလုပ်ခွင်အတွက်အဓိက train ပေးတဲ့အတန်းမို့လို့ IT အလုပ်ခွင်အတွေ့အကြုံလိုချင်ပါတယ်ဆိုတဲ့သူတွေအတွက် ဖွင့်တဲ့အတန်းဖြစ်ပါတယ် (အားလုံးအမေးများတဲ့မေးခွန်းတွေစုထားတာမို့ အတန်းအပ်ဖို့စိတ်ဝင်စားရင်အဆုံးထိဖတ်ပေးနော်)

➀ IT ဖြင့်ဂျပန်ကို လာရောက်လုပ်ကိုင်မည့်သူတွေအတွက် လမ်းစတစ်ခုဖြစ်စေမည့် ITPEC FEအတန်း

အခုမှ IT ကို စလေ့လာချင်သူတွေအတွက် လမ်းစတစ်ခုဖြစ်စေမယ့်IT Level-2 (FE + Programming Basic) ကို ၂၀၂၄ ၊ ၄ လပိုင်းစာမေးပွဲအမီ ဖွင့်လှစ်လိုက်ပါပြီ သင်ကြားရေးပိုင်းက ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခဆရာ၊ဆရာမများမှသေချာသင်ကြားပေးတာဖြစ်လို့ ၂၀၂၃ ၄ လပိုင်း Level-2 FE Exam မှာ BS Campမှကျောင်းသားက မြန်မာတနိုင်ငံလုံး ဒုတိယဆု ရရှိခဲ့တာဖြစ်လို့ကျောင်းသားအနေနဲ့စာသေချာလိုက်လုပ်ဖို့ပဲ လိုပါမယ်

BS Camp မှာ IT (FE class) online class ကို တက်ခဲ့တဲ့ မောင်လေး ဟိန်းထက်က မြန်မာတစ်နိုင်ငံလုံးမှာ ဒုတိယအဆင့်နဲ့ စာမေးပွဲအောင်မြင်သွားခဲ့ပါတယ်

Q1️ : IT Level-2 FE Class မှာ ဘာတွေ သင်မှာလဲ?

IT Level-2 Class ကို FE သင်တန်းလို့ခေါ်ရင်လည်း မမှားပါဘူး။ IT နဲ့အသက်မွေးသွားချင်တဲ့သူတွေ ၊ နိုင်ငံခြားကို ITပညာရှင်အနေနဲ့သွားပြီး အလုပ်လုပ်ချင်တဲ့သူတွေ အတွက်က IP လက်မှတ်ရထားရုံနဲ့ မလုံလောက်သေးပါဘူး။ ဒါကြောင့် နိုင်ငံတကာအသိအမှတ်ပြုဖြစ်တဲ့ အားလုံးလည်း ကြားဖူးကြမယ့် FE exam လက်မှတ်ထိလိုအပ်ပါတယ်။ အဲ့ဒီလိုအပ်ချက်တွေကိုLevel-2 Classမှာဖြည့်ပေးမှာဖြစ်ပြီး FE courses တွေကိုသေချာဆွဲပိီး မေးခွန်းဟောင်းတွေအထိပါလေ့ကျင့်ပေးမှာဖြစ်သည့်အတွက် မိမိသာကြိုးစားမယ်ဆို FE certificate ကို အသာလေးယူနိုင်မှာပါ။

Q2️ : IT Level-2 Class ကဘယ်သူတွေ တက်လို့ရလဲ?

ITနဲ့ပတ်သက်ပြီးအခြေခံ သင်ဖူးသူတွေတက်လို့ရပါတယ်။ ITPEC IPအတန်း တက်ပီးတဲ့သူတွေလည်းတက်လို့ရပါတယ်။ ဒါ့အပြင်နည်းပညာတက္ကသိုလ်များမှ (IT major) နှင့် ကွန်ပျူတာတက္ကသိုလ်များမှ တတိယနှစ် ရောက်ထားသူများမှစပြီးလည်း တက်လို့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် IT Level-2 Class အတွက် သင့်တော်လားစမ်းသပ်ချင်ရင် အောက်ကပေးထားတဲ့ Test ကိုဖြေကြည့်ပီး Page messenger မှာအမှတ်နဲ့တူတူလာရောက်ဆွေးနွေးနိုင်ပါတယ်။

Google Form Here

Q3️ : IT Level-2 Class တက်ပြီး FE လက်မှတ်ရသွားရင် ဘာဖြစ်မလဲ?

FE လက်မှတ်သည်နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ဖြစ်တဲ့အတွက် ဘွဲ့မရသေးလည်း နည်းပညာရှင်အနေနဲ့ဂျပန်မှာ အလုပ်လုပ်နိုင်တဲ့အခွင့်အရေးရရှိပါပြီ

Japan IT Documentation Class