BS Camp Activities

သီတင်းကျွတ်မှာ Bonus လေးတွေပေး 💗

ဒီနေ့ကတော့ သီတင်းကျွတ်ပိတ်ရက်မတိုင်ခင် ဘောနပ်စ်ပေးတဲ့နေ့လေးဖြစ်ပါတယ် တစ်နှစ်မှာ ၂ ခေါက်ရတဲ့ ဘောနပ်စ်ကို မိဘကန်တော့တာဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့နေရာမှာ သုံးတာဖြစ်ဖြစ် လုပ်ကြနော်💛 ပျော်စရာကောင်းတဲ့သီတင်းကျွတ်ပိတ်ရက်လေး ဖြစ်ပါစေ❤️

BS Camp team ရဲ့Staff Party 🥳

BS Camp ဆိုတဲ့အပြင်သင်တန်းကျောင်းစတင်ခဲ့တာ ၁နှစ်ကျော်အတွင်းမှာ အခုလို teamကြီးကတဖြည်းဖြည်းနဲ့လူတွေတိုးလာခဲ့ပြီ✨ အခုလို BS Camp ကိုယုံယုံကြည်ကြည်နဲ့လက်တွဲခဲ့ကြပြီး ဆုံစည်းကြရလို့ဝမ်းသာရသလို ဘယ်အချိန်ပဲဖြစ်ဖြစ် မောင်နှမသားချင်းလိုနွေးနွေးထွေးထွေးရှိတဲ့ပတ်ဝန်းကျင်လေးမို့ ပျော်ရွှင်ကြရပါတယ်🤩

ငွေဆောင်ရောက် ဖွဲ့သားများ 🥰

ကောင်းကင်ပြာပြာအောက်မှာ ပင်လယ်ကမ်းခြေဆိုတော့ 最高だよん🥰 သီတင်းကျွတ်ပိတ်ရက်ကိုတော့ အဝပျော်ပြီးကြပြီ နှစ်ကုန်ဖို့ ၂လခွဲလောက်ပဲလိုတော့တာမို့ နှစ်ကုန်ခရီးအတွက်လည်း အကောင်းဆုံး အလုပ်ကြိုးစားကြမယ်💪💪💪

We love our team 💖

Language School Knowledge Sharing 😘

LS တက်နေတုန်း ကောလိပ်၊ တက္ကသိုလ်တွေအတွက် ဘာတွေဘယ်လိုပြင်ဆင်ထားသင့်သလဲ ဂျပန်ရောက်တဲ့အခါ အချိန်ပိုင်းအလုပ်လုပ်ပြီး ပိုက်ဆံဘယ်လိုစုကြမလဲဆိုတဲ့အကြောင်းတွေကိုပါ ဆုနဲ့နန္ဒာ နှစ်ယောက်အတူတူ ဝေမျှခဲ့ကြပါတယ် အချိန်ပေးပြီးလာနားထောင်ကြတဲ့ကလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်🧡

IT seminar ပွဲရဲ့ ပုံရိပ်အမှတ်တရလေးတစ်ချို့ 🖤

Work Visa ပိုင်းနဲ့ပတ်သက်ရင် ဘယ်ကနေစလေ့လာထားသင့်သလဲ? IT college တွေ University တွေကို joinဖို့ဆိုရင်ဘာတွေပြင်ဆင်ထားသင့်လဲ? ဂျပန်ကိုသွားဖို့ IT နဲ့ပတ်သတ်ပြီး အခြေခံမရှိသေးလဲဘယ်လိုပြင်ဆင်ထားရင်အဆင်ပြေမလဲ? ဆိုတာတွေနဲ့ seminar ကျင်းပပေးတဲ့ဆရာကိုယ်တိုင် project တွေရတဲ့အခါ ကြုံရတဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကိုလည်း Sharing လုပ်ပေးခဲ့ပါတယ်🤩