Japan IT OJT Class

ဂျပန်ပြည်တွင်းကုမ္ပဏီမှာ IT ပညာရှင်အနေနဲ့ အလုပ်လုပ်နိုင်မယ့် IT (OJT Class) +ဂျပန်စာ speaking အတန်း အားလုံးအမေးများတဲ့ BS Camp ရဲ့ IT (OJT Class) ယနေ့မှစပြီးအပ်နှံနိုင်ပါပြီ OJT Class ဆိုတာ အလုပ်ခွင်အတွက်အဓိက train ပေးတဲ့အတန်းမို့လို့ IT အလုပ်ခွင်အတွေ့အကြုံလိုချင်ပါတယ်ဆိုတဲ့သူတွေအတွက် ဖွင့်တဲ့အတန်းဖြစ်ပါတယ် (အားလုံးအမေးများတဲ့မေးခွန်းတွေစုထားတာမို့ အတန်းအပ်ဖို့စိတ်ဝင်စားရင်အဆုံးထိဖတ်ပေးနော်)

📍Q1 : အချိန်ကာလဘယ်လောက်ကြာမြင့်မှာလဲ!? ၆ လတာကြာမြင့်မှာပါ 📍Q2 : IT တစ်ခုတည်းသင်မှာလား? မဟုတ်ပါဘူး။ IT တစ်ခုတည်းဆို ဂျပန်ကုမ္ပဏီမှာ အင်တာဗျူးဝင်ရင် စကားပြောအားနည်းမှာစိုးလို့ အပို service အနေနဲ့ ဂျပန်စာ N4, N3 speaking, listening ကိုပါ ထည့်သွင်းသင်ကြားပေးမှာ ဖြစ်ပါတယ် (Speaking, Listening က မဖြစ်မနေတက်ရောက်ရမှာမဟုတ်ပါဘူး။ စကားပြောပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်ဆိုရင် အဲ့အတန်းချိန် မတက်လို့ရပါတယ်)

📍Q3 : ဒီအတန်းမှာဘာတွေသင်မှာလဲ? အတန်းပြီးရင်ရော ဘယ်လိုအခွင့်အရေးတွေရှိလဲ? IT သင်တန်းမှာပါဝင်မယ့်သင်ခန်းစာများကို အပိုင်း ၃ ပိုင်းခွဲ ပီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်

➀ သင်တန်း ပထမပိုင်းအနေနဲ့သင်တန်းစစချင်း၁လခွဲက အောက်ပါအကြောင်းအရာများသင်ကြားပေးသွားမှာဖြစ်ပါတယ်။
  •   Java Fundamental အခြေခံနဲ့ OOP concept တွေကို ပြန်လည် နွှေးပေးခြင်း
  •   API + File Handling
  •   Database MySQL အသုံးပြုပုံ
  •   JDBC ချိတ်ဆက်ပုံ
② သင်တန်းဒုတိယပိုင်းအနေနဲ့ Javaအခြေခံတွေ၊Databaseအသုံးပြုပုံတွေသင်ပီးရင်တော့ ဆရာနဲ့ အတူတူ ဂျပန်ပရောဂျက်ပုံစံ projectတခုကိုသင်ကြားရင်း ရေးရမှာ ဖြစ်ပါတယ်
  •   Project Structure တည်ဆောက်ခြင်း
  •   Screen Documentation တွေရေးသားခြင်း
  •   Database Documentation ရေးသားခြင်း
  •   Java Spring Framework, JSP, Bootstrap ကိုအသုံးပြုပီး Project ရေးသားခြင်း
  •   Projectရေးသားကပြီးနောက် Test Documentation(UT,FT)တွေ ရေးသားပီး testingပြုလုပ်ခြင်း
  •   Testingလုပ်ရင်း Bug(Error)များထွက်ပေါ်လာပါက projectကို ပြန်လည် ပြင်ဆင်ခြင်း
  •   နောက်ဆုံး ပရောဂျက်သင်ကြားမှုပီးဆုံးပါက ရေးသားထားသော codeတွေကို manageလုပ်တဲ့ GitHubရဲ့ သုံးပုံသုံးနည်းသင်ကြားခြင်းတို့ဖြစ်ပါတယ်
  • ※အပေါ်မှာ သင်ကြားမည့် project documentation များသည် ဂျပန် real project တွေရဲ့ flowနဲ့ အများဆုံးအသုံးပြုတဲ့ format တွေအတိုင်းဂျပန်လိုရေးသားသင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့် ဂျပန်ရောက်လာပြီး အလုပ်ခွင်တန်းဝင်ရင်လဲ မြန်မြန်ဆန်ဆန် နားလည်လွယ်ကူပီး အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်
➂ သင်တန်းရဲ့ နောက်ဆုံးပိုင်းမှာတော့ သင်ကြားခဲ့တဲ့ ကျောင်းသားကျောင်းသူတွေကို အဖွဲ့ခွဲပီး သင်တန်းဒုတိယပိုင်းမှာ သင်ကြားပြောပြခဲ့တဲ့အစဉ်လိုက်အတိုင်း OJT projectကို ကိုယ်တိုင်အဖွဲ့လိုက် ရေးသားရမယ်ဖစ်ပါတယ်။ မသိနားမလည်တဲ့ အပိုင်းတွေရှိခဲ့ရင်ဂျပန်မှာ IT senior developerအနေနဲ့ အလုပ်လုပ်နေတဲ့ဆရာဆရာမများမှ အပြည့်အဝကူညီပြောပြပေးပီး Projectပီးဆုံးတဲ့ထိ support ပေးသွားမှာဖြစ်ပါတယ်
  •   သင်တန်းပြီးဆုံးပြီး ပရောဂျက်သေချာ ရေးသားထားသော သင်တန်းသူ/သားတွေကို ဂျပန်IT Company နဲ့ အင်တာဗျူးစီစဉ်ပေးပီး အင်တာဗျူးအောင်ခဲ့ရင် မိတ်ဆက်က 0kyatsနဲ့ ဂျပန်နိုင်ငံသို့ IT ပညာရှင်အနေနဲ့ လာရောက်နိုင်မှာဖြစ်ပါတယ်

📍Q4 : ဒီအတန်းကိုဘယ်သူတွေတက်ရောက်လို့ရလဲ? နည်းပညာတက္ကသိုလ်တက်ရောက်နေသူတွေအတွက် •နည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်(သို့မဟုတ်)ဘွဲ့ရပြီး လုပ်ငန်းအတွေ့အကြုံမရှိိသေးသူ •ဘွဲ့ရပြီးလုပ်ငန်းအတွေ့အကြုံ ၁နှစ်အထိရှိသူ (၁နှစ်အထက်ရှိတဲ့သူများလည်း ကိုယ့်ကိုယ်ကိုယ် developmentပိုင်းနဲ့ ယုံကြည်မှု မရှိသေးရင် တက်လို့ရပါတယ်)

📍Q5 : နည်းပညာတက္ကသိုလ်ကကျောင်းဆင်းမဟုတ်ရင်ရော? နည်းပညာတက္ကသိုလ်မှ မဟုတ်တဲ့သူတွေအတွက်က •IT programming နဲ့ပတ်သတ်ပီး သင်တန်းတက်ဖူးသူ (OOP concept )ရှိထားဖို့အရေးကြီးပါတယ်။သင်တန်းမှာ Programming concept အခြေခံသင်ပေးမှာ မဟုတ်တဲ့အတွက်ကြောင့်မရှိရင်မလွယ်တဲ့အတွက် သေချာဆုံးဖြတ်ပီး တက်စေချင်ပါတယ်။ ဘွဲ့မရသေးတဲ့သူတွေအတွက်က သင်တန်းပြီးလို့ အင်တာဗျူးအောင်ခဲ့ရင်COEလျောက်ဖို့အတွက် FE examထပ်ဖြေဖို့လိုပါမယ်။

📍Q6 : ဂျပန်စာအရည်အချင်းကရော? လက်ရှိမှာ N5 level ပြီးမြောက်ထားပြီးသား၊ N4 level တက်ရောက်နေတဲ့သူဖြစ်ရပါမည် (အနည်းဆုံး N5 level ပြီးမြောက်ထားဖို့လိုအပ်ပါတယ်)

📍Q5 : နည်းပညာတက္ကသိုလ်ကကျောင်းဆင်းမဟုတ်ရင်ရော? နည်းပညာတက္ကသိုလ်မှ မဟုတ်တဲ့သူတွေအတွက်က •IT programming နဲ့ပတ်သတ်ပီး သင်တန်းတက်ဖူးသူ (OOP concept )ရှိထားဖို့အရေးကြီးပါတယ်။သင်တန်းမှာ Programming concept အခြေခံသင်ပေးမှာ မဟုတ်တဲ့အတွက်ကြောင့်မရှိရင်မလွယ်တဲ့အတွက် သေချာဆုံးဖြတ်ပီး တက်စေချင်ပါတယ်။ ဘွဲ့မရသေးတဲ့သူတွေအတွက်က သင်တန်းပြီးလို့ အင်တာဗျူးအောင်ခဲ့ရင်COEလျောက်ဖို့အတွက် FE examထပ်ဖြေဖို့လိုပါမယ်။

Japan IT OJT Class