Language School Service

tokuteiservice

Language School Service

Lorem ipsum dolor, sit amet consectetur adipisicing elit. Cupiditate, maiores!

ဂျပန်မှာ Language School တက်ဖို့စဉ်းစားထားတယ်ဆိုရင် ကိုယ်တက်ဖို့ ကျောင်း ရွေးချယ်ဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်။Language School အားလုံးကို အတူတူပဲလို့ ထင်တဲ့သူတွေများပါတယ်။တကယ်ကမတူပါဘူးနော်။ကိုယ်ရွေးချယ်လိုက်တဲ့ကျောင်းက courseပြီးသွားလို့ College ဒါမှမဟုတ် University ဆက်တက်ဖို့ အချိန်ရောက်ရင် သိသာပါတယ်နော်။အကယ်၍ Language School ရွေးချယ်မှု သာ မှားယွင်းပြီးကိုယ်နဲ့မကိုက်ခဲ့ဘူးဆိုရင် College or Universityဝင်ခွင့်အတွက် လိုအပ်တဲ့စာရွက်စာတမ်း တွေ မစုံလင်တာ စတဲ့ အခက်အခဲတွေ ကြုံပြီး တချို့ဆို ကိုယ်လာခဲ့တဲ့ တိုင်းပြည်ကို ပြန်လိုက်ရတဲ့ အခြေအနေအမျိုးတွေအထိပါရှိပါတယ်နော်။ အစ တည်းက Language School ကိုသေသေချာချာ ရွေးခဲ့မယ်ဆိုရင် College or University လျှောက်တဲ့အခါ အများကြီးအဆင်ပြေစေပါတယ်။ဒါ့ကြောင့် Language Schoolကို သေသေချာချာလေး ရွေးချယ်ဖို့အကြံပေးပါရစေ။

BS camp မှာ ဆိုရင် Tokyo, Chiba, Kyoto, Osaka, Saitama, Hiroshima, Hokkaido စတဲ့ မြို့တွေမှာ ကိုယ်နဲ့ ကိုက်မယ် လိုက်ဖက်မယ်ထင်တဲ့ Language Schoolတွေကို ရွေးချယ်လျှောက်ထားလို့ရပါတယ်။ Language School တွေအတွက်ကတော့ စောစောregisterလုပ်လေလေရွေးချယ်လျှောက်ထားလို့ရတဲ့ကျောင်းများလေလေပဲဖြစ်ပါတယ်။ဂျပန်စာကိုလေ့လာနေပြီးဂျပန်မှာ Language Schoolသွားတက်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် လာမယ့် intake တွေအတွက် အခုတည်းကစာရင်းပေးသွင်းနိုင်ပါပြီ။